Burmese Version


ကျွန်တော်တို့ BHSOH အထက်တန်းကျောင်းကို တည်ထောင်သူမှာ ရခိုင်အမျိုးသား ကျောင်းအုပ် ဆရာကြီး ဦးခိုင်ဦးမောင် ဖြစ်သည်။ ဆရာကြီးသည် မြန်မာပြည်အတွင်း အမျိုးသားရေးလှုပ်ရှားမှုများနှင့် ဒီမိုကရေစီ စနစ် စတင်ပြန့်ပွားရေးလုပ်ငန်းများကို ကိုယ်ကျိုးမဖက် လုပ်ဆောင်ခဲ့သည့်အတွက် အာဏာရှင် စစ်အစိုးရ၏ ဖမ်းဆီး ထောင် ချ အရေးယူခြင်းကို ခံခဲ့ရသည့်အပြင် ထောင်တွင်းအကျဉ်းချခံနေရစဉ် အချိန်တွင်လည်း ညှင်းပန်းနိပ်ခြင်းမျိုးစုံကို ခံခဲ့ရ သည်။
သို့သော်လည်း ဆရာကြီး၏ အမျိုးသားရေး ခံယူချက်နှင့် ဒီမိုကရေစီ အရေးသည်ကား ဆက်လက် ရှင်သန်မြဲရှင်သန် လျက်ပင်ရှိသည့် အပြင် လူထုအကျိုးပြုလုပ်ငန်းဖြစ်သည့် ပညာရေးလုပ်ငန်းကို နယ်စပ်ဒေသ ဖြတ်ကျော် ရောက်ရှိလာသည့် အချိန်မှစပြီး အားသွန်ခွန်စိုက် လုပ်ဆောင်လျှက်ရှိရာ ယနေ့အချိန်တွင် ကျွန်တော်တို့၏ BHSOH အထက်တန်းကျောင်းသည် ထိုင်း-မြန်မာ နယ်စပ်တွင် လူသားအရင်းအမြစ် ဖွံ့တိုးတက်ရေး စီမံကိန်းကို လုပ်ဆောင်ရာတွင် အောင်မြင် အကျိုးပြု လျှက်ရှိပေသည်။
လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသား တို့၏ မရှိအဖြစ် အခရာ အကျဆုံး အရာသည် ပညာရေးစနစ် ဖြစ်ပေရာ သူ့၏တတ်ကျွမ်းသော ပညာကို အရင်းခံလျှက် နယ်စပ် ဒေသအတွင်းရှိ အပြစ်မဲ့မြန်မာဒုက္ခသည် လူငယ်ကလေးများအား ပြုစုပျိုးထောင်ခြင်း၊ နယ်စပ်ဒေသများမှ စစ်ဘေး စစ်ဒဏ် များဖြင့် ထွက်ပြေးလွတ်မြောက် လာသည့် အကူအညီမဲ့ မိဘမဲ့ ကလေး သူငယ်များကို ကျွေးမွေးကူညီ ပြုစုစောင့်ရှောင့်ခြင်းနှင့် လူမျိုး မရွေးဘာသာမရွေး တန်းတူညီတူပညာသင်ယူနိုင်ရေးကိုရှေးရှူ့ပြီး တိုင်းရင်းသားပေါင်းစုံတို့၏ အခက်အခဲ့ မျိုးစုံ တို့ကိုလည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေး နေသော ကြောင့် ယနေ့အခါတွင် BHSOH အထက်တန်းကျောင်းတွင် တိုင်းရင်းသားလူငယ် ၃၀၀ ကျော် ပညာနို့ရည်ကို သောက်သုံးနိုင်ခွင့် ရကြပြီဖြစ်သည်။

ကဗျာများ

ဝိဥာဉ်နိုးထ လာပြီလေ

အို——အရှင်
ရာဇ၀င်သမိုင်း ၊ခိုင်းနိုင်းမော်ကွန်း
နေ၀န်းအာရှ ၊ ရေးထိုးကြချိန်
လောက လက်ခမောင်း ခတ်ပြီလေ ၊၊
ထလော့ပြည်သူ ၊ ရှင်လူရဟန်း
စီတန်းလက်တွဲ ၊ ဥမကွဲနှင့်
မျှော်ဆဲမှန်းရည် ၊ ပန်းတိုင်ဆီသို့
ညီညီညွတ်ကာ ၊ သွားကြပါလား
မိန့်မြွက်ကြားသည် ၊ သွေးများရဲရဲနီခဲ့ပြီ ၊၊
ထလော့ပြည်သူ ၊ ညီတူညွတ်မျှ
လောကအရေး ၊ လွပ်လွပ်ရေးတည့်
အတွေးစိတ်ထဲ ၊ မြဲမြဲမှတ်ထား
နှလုံးသား၌ ၊ ဆီးတားမရှိ
ပကတိလေ ၊ တမိနစ်မျှ
မမေ့ကြနှင့် ၊၊
ထလော့ပြည်သူ ၊ ဦးတည်ချက်နှင့်
ဆက်လက်တိုက်ပွဲ ၊ ၀င်ရဲကြလော့
ထောင်ကအပြင် ၊ တန်းလျှင်မရှိ
အမိသော်လည်း ၊ သားတော်ခဲ၏
တိုက်ရဲသူတွက် ၊ အောင်ပွဲကြိုနေ
ယုံကြည်လေပြီ ၊ ရောင်နီသမ်းခဲ့လေပြီထင့် ၊၊
သူ့ကျွန်ဘ၀ ၊ လွပ်မြောက်ရအောင်
ညီမှညွတ်မှ ၊ စည်းရုံးမှဟု
ဗူးဝကထွက် ၊ မိန့်မြွက်ဆိုတိုင်း
ပြည်သူ့လှိုင်းသည် ၊ မြန်မာပြည်မှာ
ချီလာမစဲ ၊ တသဲသဲနှင့်
အမြဲထကြွ ခဲ့ကြရာ ၊၊
ထလော့ပြည်သူ ၊ အိုပြည်သူတို့
ရှင်လူရဟန်း ၊ ဖက်ရမ်းနှုတ်ဆက်
မလုပ်နိုင်သော် ၊ ဆရာတော်ကို
ထုတ်ဖေါ်ဂုဏ်ပြု ၊ ချီမွမ်းမှုနှင့်
တိုင်တည်ဖြင့်လျှင် ၊ ထယ်ဝင့်ဝါကြ
လွပ်မြောက်ရချိန် ၊ ပျော်ကြချိမ့်ချိမ့်သဲသဲလေ ၊၊
အို—-အရှင်
ရာဇ၀င်ရိုင်း ၊ သွေးမုန်တိုင်းတို့
တိုင်းနှင့်ပြည်နှံ့ ၊ သွေးရနံ့နှင့်
ပျံ့ ပျ့ံမြေလူး ၊ ရင်၌စူးရ
ကျွန်ဘ၀တိုက်ပွဲ ။ သူရဲကောင်းများ
မခံစားတတ် ၊ အားအင်မဲ့သည်
မြန်ပြည်လွပ်ရေး ၊ သေချာရေးတွက်
ဝိဥာဉ်ဆက်ကာ လာပါလေ ၊၊

ခိုင်အောင်ကျော် (စစ်တွေ )

One Response to “Burmese Version”

  1. you should give me advise how i can do the best

    Mrat Naing

%d bloggers like this: